Sunday, January 19, 2014

သံဃာများ အိမ်ပင့်ဆွမ်းကပ်ရကျိုးများ

ဦးဇင်းကို အွန်လိုင်းကနေသိတဲ့ ဒကာမတစ်ဦးက သူ့အိမ်က မိသားစုတွေအားလုံး ဖူးမြင်ရအောင်ဆိုပြီး ဆွမ်းစားပင့်ပါတယ်။ အိမ်ရောက်လို့ ဆွမ်းလည်းစားပြီးရော မိတ်ဆက်စကားပြောကြရာ ဒကာတစ်ဦးကနေ ဦးဇင်းကို အရှင်ဘုရားက အွန်လိုင်းမှာ ဘာသာရေးမေးဖြေလုပ်ပေးတာ နာမည်ကြီးတယ်လို့ ပြောကြတယ်။ အဲဒါ တပည့်တော်လည်း ကြုံတုန်း အရှင်ဘုရားကို မေးချင်ပါတယ်။ ခု ဒီအိမ်က အရှင်ဘုရားကို ဆွမ်းစားပင့်တယ်။အဲဒီတော့ ဒီအိမ်ကလူတွေ ဘာအကျိုးတွေ ရသလဲဘုရားဆိုပြီး မေးပါတော့တယ်။

ဒါနဲ့ ဦးဇင်းက ပထမဦးဆုံး အိမ်မှာပင့်ပြီး ဆွမ်းကပ်တဲ့အတွက် ဆွမ်းလှူသူတွေရရှိတဲ့ ဆွမ်းအကျိုး (၅)ပါးကို ပြောပြပေးလိုက်ပါတယ်။

ဆွမ်းလှူကျိုး (၅)ပါး

၁။ အသက်ကို ပေးလှူတာနဲ့တူလို့ အသက်ရှည်ခြင်း။

၂။ ရုပ်အဆင်းကို ပေးလှူတာနဲ့တူလို့ ရုပ်လှပခြင်း။

၃။ ကိုယ်စိတ်ချမ်းသာအောင် ပေးလှူတာနဲ့တူလို့ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း။

၎။ ခွန်အားကို ပေးလှူတာနဲ့တူလို့ ခွန်အားကောင်းခြင်း။

၅။ အသိပညာတိုးတတ်အောင် ပေးလှူတာနဲ့တူလို့ အသိပညာကောင်းခြင်း။ (အံ၊ ၂၊ ၃၅)

ဒါပြင် သီလပညာနဲ့ပြည့်စုံတဲ့ ရဟန်းသံဃာများ အိမ်ကြွလာရင် အောက်ပါအကျိုးတွေလည်း ရရှိပါတယ်လို့ 


ရှင်းပြပေးခဲ့ပါတယ်။

၁။ ရဟန်းသံဃာကြွလာတာကိုမြင်ရင် မြင်ရသူတို့မှာ စိတ်ကြည်လင်သဖြင့် 


နတ်ပြည်ရောက်ကြောင်းအကျင့်ကို ကျင့်ရာရောက်တယ်။

၂။ ရဟန်းသံဃာအတွက် နေရာခင်းခြင်း၊ ရှိခိုးခြင်းပြုလုပ်တာဟာ မြင့်မြတ်တဲ့အမျိုးကို


 ဖြစ်စေတတ်တဲ့အကျင့်ကို ကျင့်ရာရောက်တယ်။

၃။ လူတွေဟာ လူအချင်းချင်းပေါ်သာ ၀န်တိုမှုဖြစ်ပြီး ရဟန်းသံဃာပေါ်မှာ ၀န်တိုမှုမရှိကြတဲ့အတွက် 


ဝန်တိုမှုကို ပယ်ဖျောက်နေတာဟာ တန်ခိုးကြီးခြင်းအကျင့်ကို ကျင့်ရာရောက်တယ်။

၎။ ရဟန်းသံဃာအား မိမိစွမ်းအားရှိသလောက် လှူဒါန်းတာဟာ ဥစ္စာဓနပေါများခြင်းအကျင့်ကို 


ကျင့်ရာရောက်တယ်။

၅။ ရဟန်းသံဃာနဲ့ တရားအကြောင်း ဆွေးနွေးမေးမြန်းခြင်း ပြုလုပ်တာဟာ 


ဉာဏ်ပညာကြီးမားခြင်းအကျင့်ကို ကျင့်ရာရောက်တယ်။ (အံ၊ ၂၊ ၂၁၃)

ဒီအချက်တွေဟာ မိမိအိမ်မှာ သီလ၊ ပညာနဲ့ပြည့်စုံတဲ့ရဟန်းများကြွလာရင် ပြုလုပ်ဖြစ်ကြပါတယ်။ 

အခုလည်း ဦးဇင်း အိမ်ကို ကြွလာတဲ့အခါ ဒကာတို့ အထက်ကအချက်တွေကို ပြုလုပ်ဖြစ်ကြတော့ 

အကျိုးတရားများစွာ ရရှိကြတာပေါ့လို့ ရှင်းပြလိုက်တဲ့အခါ မေးသူဒကာမှာ စိတ်ကျေနပ်မှုရသွားတာနဲ့ 

သာဓုခေါ်ဆိုတော့သတည်း။

ယနေ့ ထိုင်းနယ်စပ် မဲဆောက်မြို့မှာ အမှတ်တရ ရိုက်ခဲ့တဲ့ ဓာတ်ပုံများပါ တင်ပေးလိုက်ပါတယ်။

အရှင်ကောမလ ဆန်နီနေမင်း

ဆန်နီနေမင်း










ကျွန်တော်လေးစားကြည်ညိုရတဲ့ဘုန်းကြီးတွေထဲမှာတစ်ပါးအပါအဝင်ဖြစ်တဲ့
အရှင်ကောမလဆန်နီနေမင်း ရဲ့ဘာသာရေးမေးဖြေလေး တစ်ခုကို ဓမ္မမိတ်
ဆွေများအား သိစေချင်ရန်အလို့ငှါ ဦးဇင်းရဲ့ Facebook အကောင့်မှ ကူးယူ
ဖော်ပြပေးလိုက်ပါတယ်။
လေးစားစွာဖြင့်
မောင်ခိုင်ဝိုင်း

No comments:

Post a Comment