Thursday, October 16, 2014

ဒူဘိုင်းမက်ထရို






အံ့သြဖွယ်ရာခေတ်မှီဒူဘိုင်းမြေအောက်ရထားစနစ်
ဒူဘိုင်းမြေအောက်ရထားစနစ်သည်ကမ္ဘာပေါ်တွင်အရှည်လျားဆုံးသော အလိုအလျောက် စနစ်သုံးမောင်းသူမဲ့ ခေတ်မှီရထား ကွန်ယက်စနစ်ဖြစ်သည်။ ဒူဘိုင်းရထားစနစ်သည် မြို့တော်၏အလယ်တွင် မြေအောက်သို့ဝင်ရောက်သွားပြီး အချို့သောနေရာများတွင် မြေပြင်ပေါ်
သို့ ပြန်လည်ထွက်ပေါ်လာကာ ကောင်းကင်တံတားဖြင့် မြို့ပေါ်မှဖြတ်သန်းပြေးဆွဲသည်ကို တွေ့ရသည်။
၃၂.၄မိုင်(၅၂၁ကီလိုမီတာရှည်လျားသော) ပထမလမ်းပိုင်းကို ၂၀၀၉ခုနှစ် ၉လပိုင်း ၉ရက်နေ့ ညပိုင်း ၉နာရီ ၉မိနစ် ၉စက္ကန့် အချိန်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်သည့် ၂ရက်အတွင်းမှာပင် ဒူဘိုင်းလူဦးရေ၏
၁၀ရာခိုင်နှုန်းစီးနင်းခဲ့ကြသည်ဟုသိရသည်။ ခေတ်မှီလှပသော ရထားဘူတာများ၊ စင်္ကြန်များ၊ ရထားတွဲများ
အားလုံးတွင်  လေအေးပေးစက်များ အပြည့်အဝတပ်ဆင်ထားပြီး စင်္ကြန်နှင့် ရထားကြား ရထားရပ်မှသာ
ပွင့်နိုင်သော Platform Screen Doors များ တပ်ဆင်ထားသည်။
ဒူဘိုင်းမက်ထရိုသည် အစိမ်းရောင်လိုင်းနှင့် အနီရောင်လိုင်း ၂ လိုင်း ပါဝင်ကာ အနီရောင်လိုင်းသည်
Rashidiya မှ Jebel Ali ထိပြေးဆွဲပြီး မြေအောက်ဘူတာ (၄)ခု၊ မြေပြင်ဘူတာ (၁)ခုနှင့် မိုးပျံဘူတာ
(၂၄)ခု ပါဝင်ကာ ၊ အစိမ်းရောင်လိုင်းမှာ Jaddaf အထိ ပြေးဆွဲပြီး မြေအောက်ဘူတာ (6)ခု၊ မိုးပျံဘူတာ (၁၂)ခု၊ ပါဝင်ပါသည်။ Union Square နှင့် Bur juman တို့တွင် Transit အဖြစ် ၂ ကြိမ် ဆုံတွေ့ပါသည်။
အနီရောင်လိုင်းမှာ ၁နာရီလျှင် လူဦးရေ ၂၇၀၀၀ ပို့ဆောင်ပြီး အစိမ်းရောင်လိုင်းမှာ ၁နာရီလျှင် ၁၈၀၀၀
ပို့ဆောင်ကာ တစ်နေ့လျှင်လူဦးရေ ၁.၂ သန်း ပို့ဆောင်နိုင်မှာဖြစ်ပြီး တစ်နှစ်လျှင် လူဦးရေ ၃၅၅ သန်း
ပို့ဆောင်ပေးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါသည်။
" မြိုတော်ရဲ့ဧရိယာတစ်ခုလုံးကို ချိတ်ဆက်ပေးနိုင်မဲ့ သယ်ယူပို့ဆောင်ရေး ကွန်ယက်တစ်ခုဖြစ်အောင်
မက်ထရိုကွန်ယက်ကို ဆက်လက်တိုးချဲ့ ဖောက်လုပ်သွားမှာပါ " ဟု အဆိုပါ စီမံကိန်း၏ အဆင့်မြင့်အရာရှိ
ကြီး တစ်ဦးမှ Gulf News ကို ပြောကြားခဲ့ပါသည်။
ကိုးကားမှီငြမ်း-
Shwe Kyu' post
Ko Kyaw Htet Win' Post
အာရပ်ကမ္ဘာရဲ့ပထမဆုံးမက်ထရို
Photos from Dubai Metro Construction Site

ခင်မင်လေးစားစွာဖြင့်
မောင်ခိုင်ဝိုင်း