Thursday, January 16, 2014

ရတနာဃရရွှေအိမ်တော်မှာ သမန္တပဋ္ဌာန်းကျမ်းတော်ကြီးကိုဆင်ခြင်တော်မူစဉ် ရောင်ခြည်တော်(၆)သွယ်ကွန့်မြူးလာပုံ။


မြတ်စွာဘုရားဖြစ်တော်မူပြီး (၂၂) ရက်မြောက်နေ့၊ စတုတ္ထသတ္တာဟနေရာဖြစ်သော ရွှေအိမ်တော်မှာ
ပိ​ဋကတ်(၃)ပုံကို ဆင်ခြင်တော်မူ၏။ အဘိဓမ္မာ(၇)ကျမ်းမှ အနန္တနယသမန္တ ပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်
ဆင်ခြင်တော်မူခါမှ သဗ္ဗညုတရွှေဥာဏ်တော်သည် ရွှင်လန်းကွန့်မြူးတော်မူလာကာ ရောင်ခြည်တော်
(၆)သွယ် ထိန်လင်းတောက်ပလာလေတော့သည်။

ဆရာ s.s ခင်မောင်အေး၏ ရောင်စုံရုပ်ပြ ပဋ္ဌာန်းစာအုပ်မှ
ထုတ်နှုတ်ဖော်ပြပါသည်။

လေးစားစွာဖြင့်
မောင်ခိုင်ဝိုင်း

No comments:

Post a Comment