မြတ်စွာဘုရားသည် ယုဂဆိဂ္ဂလ= အပေါက်တစ်ခုတည်းပါသော တံပိုးတုံးကြီးကို ဥပမာထား၍ တရားတစ်ပုဒ် ဟောကြားတော်မူခဲ့သည်။ အဌကထာ တို့၌ကား ၎င်းသုတ္တန်၌ လိပ်ကဏ်းကြီးတစ်ကောင်လည်းပါရှိ၍ ကာဏ ကစ္ဆပေါပမ - သုတ္တန်ဟု နာမည်ပေးကြသည်။
၎င်းသုတ္တန်၏
ဆိုလိုရင်းမှာ ဤကမ္ဘာကြီး၏ အစအဦးပိုင်းကာလ ကမ္ဘာဦးအချိန်မှာ မြေကြီးကျွန်းကြီး ၄-
ကျွန်း = အာရှတိုက် ၊ အာဖရိကတိုက် စသည့်တိုက်ကြီးများ မပေါ်ပေါက်သေး ၊ တကမ္ဘာလုံး
ရေအတိဖုံးနေသည်။ ထိုအချိန်ဝယ် လူတစ်ယောက်လာပြီး လိပ်ကဏ်းကြီးတစ်ယောက်ကို
၎င်းရေပြင်ကျယ်ထဲသို့ လွှတ်လိုက်သည်။ လိပ်ကဏ်းကြီးသည် မျက်စိမမြင်သည့်အတွက် ရေအောက်မှာဘဲ
ရောက်ရာ ပေါက်ရာ ကူးနေပြီး အနှစ် (၁၀၀) ကြာမှ တစ်ခါ တစ်ခါ ရေပေါ်သို့ ပေါ်လာပါသတဲ့။
အဲဒီ
အချိန်မှာဘဲ လူတစ်ယောက်ကတော့ အပေါက်တစ်ပေါက်ထည်းပါတဲ့ တံပိုးတုံးကြီးတစ်တုံးယူလာပြီး
၎င်းရေပြင်ထဲသို့ မျှောလိုက်ပါသတဲ့၊ ၎င်းတံပိုးတုံးကြီးလည်း ရေစီးကြောင်းအတိုင်း မျောပါ၍၎င်း
၊ လှိုင်းလေတိုက်ခတ်ရာသို့ မျောပါ၍၎င်း ၊ ကမ္ဘာကြီး၏ ရေပြင်ပေါ်ဝယ်
နေရာအနှံ့မျောပါနေပါသတဲ့။
ဒီလိုနဲ့
လိပ်ကဏ်းကြီးလည်း အသက်ရှင်တုန်း ၊ တံပိုးတုံးကြီးလည်း မဆွေးမြေ့မီ
နှစ်ပေါင်းများစွာကြာတဲ့အခါ တစ်နေရာရာ၌ ၎င်းတံပိုးတုံးကြီး၏ အပေါက်ထဲသို့
ခေါင်းဝင်ပြီး စွပ်မိပါသတဲ့ ၊ အဲဒီလို ခေါင်းဝင်ပြီး စွပ်မိဖို့
နှစ်ပေါင်းများစွာကြာမှ တစ်ခါဖြစ်ပါတယ်။
ဤဥပမာအတိုင်း
သတ္တဝါတွေ သံသရာရေပြင်ကျယ်ထဲ လိပ်ကဏ်းကြီးလို ကူးခတ်နေကြရာ
နှစ်ပေါင်းမြောက်များစွာကြာမှ တစ်ခါတစ်ရံ လူလာဖြစ်ကြတာ ၊ လူလာဖြစ်ပြန်တော့လည်း
ဘုရားပွင့်ပေါ်သည်နှင့် ဆုံဖို့ကြုံဖို့ ခဲယဉ်းလှပါတယ်၊ ဘုရားသာသနာတော်နဲ့
တွေ့ကြုံဖို့ ခဲယဉ်းပါတယ်။ သာသနာတော်နဲ့ ကြုံပြန်တော့လည်း ကိုယ်ကဗုဒ္ဓဘာသာဝင်
ဖြစ်ဖို့လည်း ခဲယဉ်းပါတယ်။ မြတ်စွာဘုရား၏ အဆုံးအမတော်များကို ယုံယုံကြည်ကြည်နဲ့
လက်ခံပြီး လိုက်နာကျင့်သုံးနိုင်ဖို့ ခဲယဉ်းပါတယ်။
ဆိုလိုရင်းမှာ
ရခဲသော လူ့အဖြစ်ကို တန်ကြေးရှိရှိ အသုံးပြုနိုင်ကြပါစေဟု ဆုတောင်း ပတ္ထနာ
ပြုလိုက်ပါသည်။
သာသနာရေးဝန်ကြီးဌာန နေပြည်တော်မှ အရာရှိ
ဦးအောင်သိန်းညွန့် ရေးသားပြုစုသည့် “ ချမ်းမြေ့ပြည့်စုံသော ဘဝ” (Perfect Way Of
Living) စာအုပ်မှ နိုင်ငံတော် သံဃာ့မဟာနာယကဥက္ကဌ ဗန်းမော်ဆရာတော်ဘုရားကြီး
အကျဉ်းချုပ် ရေးသားပေးထားသော ကျမ်းဦး
အနုမောဒနာလွှာ ကို ကူးယူဖော်ပြပါသည်။ချမ်းမြေ့ပြည့်စုံသောဘဝကို ရရှိကြပါစေ။
ရိုသေလေးစားစွာဖြင့်
မောင်ခိုင်ဝိုင်း
www.khaingwyne.blogspot.com