Sunday, January 12, 2014

ကောင်းမှုတစ်ခုနေ့စဉ်ပြု။

“ကောင်းမှုတစ်ခုနေ့စဉ်ပြု"

*နေ့စဉ်သရဏဂုံဆောက်တည်ပါ။*
*နေ့စဉ် ငါးပါးသီလဆောက်တည်ပါ။*
*နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ* (သုံးခေါက်)
*ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ဓမ္မံ သရဏံ ဂစ္ဆာမိ ။သံဃံ သရဏံ ဂစ္ဆာမိ ။*
*ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။*
*တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။*

“သရဏဂုံတည်ရကျိုး”

၁။အပူဇော်ခံရခြင်း။ 
၂။ ဥာဏ်ကောင်းခြင်း။
၃။မိမိအလို့သို့ လိုက်ကြရခြင်း။
၎။အားလုံးက နှစ်သက်ခြင်း။
၅။ အားလုံးကချစ်ခင်ခြင်း။
၆။ ရွှေရောင်အဆင်းဖြင့်လှပတင့်တယ်ခြင်း။
၇။ကျော်ဇောထင်ရှားခြင်း။
၈။ စည်းစိမ်ဥစ္စာပေါများခြင်း။(အပါဒါန်ပါဠိတော်)

*နေ့စဉ် ငါးပါးသီလဆောက်တည်ပါ။*

၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။*
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။*
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။*
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။*
၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။

“သီလစောင့်ခြင်းအကျိုးငါးပါး”

၁။မမေ့ မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာတို့ကို ရရှိခြင်း။*
၂။ ကောင်းသောသတင်း ကျော်စောခြင်း ဂုဏ်ကို ရရှိခြင်း။*
၃။ပရိသတ် လေးပါး အလယ်၌ တင့်တယ် ရဲရင့် ရွှင်ရွှင် လန်းလန်းနှင့်နေရခြင်း။*
၎။မတွေဝေမမေ့မောဘဲ သေရခြင်း။*
၅။ သေပြီးနောက်၌ နတ်ရွာ၌ ဖြစ်ရခြင်း။(မဟာပရိနိဗ္ဗာနသုတ်။)

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

လပြည့်ဝန်း [သာစည်]
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိ ရှိလျှက်နေကြစို့။

No comments:

Post a Comment