"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ "
အရဟ , တော -
လူမင်း ၊ နတ်မင်း ၊ ဗြဟ္မာမင်းတို့၏ဝပ်စင်းကောရော်
ပူဇော်အထူးကို
ခံယူတော်မူထိုက်ပါပေထသော၊
အရဟ , တော -
တစ်ထောင့်ငါးရာ ကိလေသာတို့မှ အနံ့အသက် ၊
အထုံဝါသနာမျှ
မကျန်အောင် ဝေးကွာတော်
မူတတ်ပါပေထသော၊
အရဟ
, တော - ကိလေသာမာရ် သူပုန်ရန်ကို
အောင်တော်မူ၊
နိုင်တော်မူတတ်ပါပေထသော၊
အရဟ , တော -
သံသရာစက် အကန့်အကွက်တို့ကို ပယ်ဖျက်ခုတ်ထွင်
သုတ်သင်တော်မူတတ်ပါပေထသော၊
အရဟ , တော -
ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူ၊ ပြောတော်မမူ၊
ကြံစည်တော်မမူတတ်ပါပေထသော၊
သမ္မာသမ္ဗုဒ္ဓဿ -
သစ္စာလေးပါး မြတ်တရားကို ဆရာမကူ သယမ္ဘူ ဉာဏ်ဖြင့်
ပိုင်းခြားထင်ထင်
ကိုယ်တော်တိုင် ထိုးထွင်း၍
သိမြင်တော်မူတတ်ပါပေထသော၊
တဿ ဘဂဝတော - ဣဿဿ
ရိယ ဓမ္မ ယသ ၊ သိရီ ကာမ ပယတ္တမည် ၊
ဘုန်းခြောက်လီနှင့်
ပြည်စုံတော်မူသော ထိုမြတ်စွာဘုရားအား၊
နမော -
ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျှော့ ( လျော့ ) ၍
ကန်တော့ရိုကျိုး
လက်အုပ်မိုးကာ ရှိခိုးပါ၏ အရှင်ဘုရား။
ဆရာ S.S ခင်မောင်အေး၏ တရားဓမ္မစေတီစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။
ရိုသေလေးစားစွာဖြင့်
မောင်ခိုင်ဝိုင်း
ဒူဘိုင်း၊ယူအေအီး
ဆရာ S.S ခင်မောင်အေး၏ တရားဓမ္မစေတီစာအုပ်မှ ထုတ်နှုတ်ပူဇော်ပါသည်။
ရိုသေလေးစားစွာဖြင့်
မောင်ခိုင်ဝိုင်း
ဒူဘိုင်း၊ယူအေအီး
Thank alot
ReplyDelete