Tuesday, February 4, 2014

သဗ္ဗဇယ မင်္ဂလာဂါထာ


  • စီးပွားတက်
  • ကျက်သရေတိုး
  • ဘုန်းကံကြီးစေနိုင်သော
အစွမ်းတန်ခိုးရှိသည့်ဂါထာတော်မြတ်...။

ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။

-မြန်မာပြန်
နေမင်းသည် နေ့အခါ၌သာတောက်ပ၏။
လမင်းသည် ညအခါ သာတောက်ပ၏။
ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာ ဆင်ယင်မှသာတောက်ပ၏။
ရဟန္တာသည် ဈာန်ဝင်စားနေမှသာ တောက်ပ၏။
မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း
တန်ခိုးတော်အမျိုးမျိုးဖြင့် အချိန်တိုင်းတောက်ပ၏။
မှတ်ချက်
တပတိ - (တတ်ပတိ) ဟု အသံထွက်ပါ။
ဗြဟ္မဏော - (ဗရာမဏော) ဟု အသံထွက်ပါ။
Dhamma Danã Source ► Shweparami.NET

အရှင်ဆန္ဒာဓိက ဟောကြားတော်မူခဲ့သော တရားတော်များမှ
ထုတ်နှုတ်ပူဇော်ပါသည်။
ရိုသေလေးစားစွာဖြင့်
မောင်ခိုင်ဝိုင်း
ဒူဘိုင်း ၊ ယူအေအီး


No comments:

Post a Comment